COVID-19 Vs IT TECHNOLOGY ⁉️

Covid-19 ကပ်ရောဂါတွေ ဖြစ်လာတယ်။ 😰

လူတွေ ရုတ်တရက် အပြင်ထွက်လို့ မရတော့ဘူး။ 🤨
အလုပ်တွေလည်း Work from Home မဖြစ်မနေလုပ်ကြရတော့မယ်။ 🏠
********************************
♦️အဲဒီအခါမှာ IT Technology ကမရှိမဖြစ်အရေးပါလာပါတယ်♦️
********************************
Meeting လုပ်ဖို့ လူချင်းတွေ့လို့ မရတော့ဘူး။?
✅Zoom, Google Meet တွေ သုံးပြီး meeting လုပ်ကြမယ်။

ကျောင်းတွေ တက်လို့ မရတော့ဘူး။?
✅e-learning တွေလုပ်ကြမယ်။

အစားအသောက်၀ယ်ဖို့ အပြင်ထွက်လို့မရဘူး။?
✅ဖုန်းထဲက app တွေကနေ တဆင့် delivery တွေမှာစားကြမယ်။

ဆိုတော့သာမန် software တွေထက် Cloud-based software တွေက ပိုအရေးပါပြီးအသုံး၀င်လာတယ်ဆိုတာ သိသာထင်ရှားစွာသိနိုင်ပါတယ်။ Software တွေကို internet ကနေ တဆင့် access လုပ်နိုင်မှသာ Work from Home လုပ်လို့ရမယ်။ Covid-19 က မြန်မာပြည်က business တွေကို cloud ပေါ်ရွေ့သင့်ပြီဆိုတာ အချက်ပေးလိုက်တာပါပဲ။📣📣❗️

ကိုယ့် business ရဲ့ accounting software က internet ပေါ်မှာ ရှိရင် ကိုယ့်ရဲ့ accounting department တစ်ခုလုံး ရုံးကိုလာစရာမလိုဘဲ အိမ်ကနေပဲ အလုပ်လုပ်နိုင်မယ်။ Covid-19 ကြောင့် ကိုယ့်ရဲ့ business ကို ရပ်ထားစရာမလိုပါဘူး။ Logistic management, Distribution management software များကသာ cloud-based ဖြစ်ခဲ့ရင် လုပ်ငန်းရဲ့ တစ်စိတ်တဒေသကို Internet ပေါ်ကနေ တဆင့် စီမံခန့်ခွဲနိုင်မယ်။ ERP system တွေဖြစ်တဲ့ Odoo တို့လို cloud-based software တွေကို ကိုယ့်ရဲ့ business မှာ သုံးထားရင် လုပ်ငန်းရဲ့ အစိတ်အပိုင်းတချို့ကို Work from Home လုပ်နိုင်တဲ့အပြင် လုပ်ငန်းတစ်ခုလုံးကို အင်တာနက်ကနေတဆင့် ကမ္ဘာ့ဘယ်နေရာကနေမဆို manage လုပ်နိုင်ပါမယ်။

♦️Cloud-based software တွေကို သုံးတဲ့ business တွေက ရေရှည်မှာ ပိုပြီး အခွင့်သာပါလိမ့်မယ်။♦️

Covid-19 ဖြစ်နေတဲ့ ကာလတင်မပါဘူး။ Covid-19 အလွန်ကာလတွေမှာလည်း cloud-based software တွေကို သုံးတာ အရှိန်ရလာမယ်လို့ မျှော်လင့်ပါတယ်။

အချုပ်ဆိုရမယ်ဆိုရင်တော့ အခုအချိန်မှာ လုပ်ငန်းတွေတော်တော်များများက မိမိတို့ရဲ့ business ကို cloud ပေါ်ကို စပြီးရွေ့နေကြပြီဖြစ်ပါတယ်။ ကိုယ့်ရဲ့ business ကို cloud-based software တွေဆီကို ရွေ့ပြောင်းထားခြင်းဖြင့် ခေတ်နဲ့ အမှီရင်ဘောင်တန်းနိုင်မှာ ဖြစ်တဲ့အပြင် နောင်တချိန်မှာ ဖြစ်လာမဲ့ အခက်အခဲတွေကိုလည်း ကြိုတင်ဖြေရှင်းပြီးသား ဖြစ်နေမှာပါ။✅✅

Author #WaiPhyoSanTin
#GlobalConnetAsia

Covid 19 ကာလမှာ ဘာကြောင့် ERP system ကိုသုံးသင့်သလဲ နှင့် Work From Home