Cloud Based Technology

အားလုံးပဲ မင်္ဂလာပါရှင် 
ဒီတစ်ပတ်မှာတော့ GCA မှ Cloud Based Technology 
နဲ့ ပတ်သတ်ပြီး ERP (Enterprise Resource Planning) System အကြောင်းကို knowledge sharing ပြုလုပ်ပေးချင်ပါတယ်။ 
💠 Cloud Based Technology သည် စီးပွားရေးလုပ်ငန်းများ offline system မှ online system သို့ လည်ပတ်သည့်ပုံစံကို ပြောင်းလဲပေးပါတယ်။ အချို့သော Cloud Based နည်းပညာများနှင့် ERP လုပ်ငန်းများအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့...
💠 Cloud Based Technology ကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းများကို အချိန်၊ နေရာမရွေး အင်တာနက်မှတဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ERP System သည် လုပ်ငန်းများအတွက် IT device များစွာ အသုံးပြုစရာမလိုဘဲ device တစ်ခုတည်းမှာပင် users များစွာ အသုံးပြုနိုင်တဲ့အတွက် hardware ရင်းနှီးမြုပ်နှံမှု အနည်းငယ်သာ လိုအပ်တဲ့အတွက်ကြောင့် ကုန်ကျ စရိတ် သက်သာစေပါတယ်။ 
💠 Cloud based ဖြစ်တဲ့အတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ 
သဘာဝဘေးအန္တရာယ်တွေကြောင့် dataပျောက်ဆုံးခြင်းများ မဖြစ်စေဘဲ လွယ်လင့်တကူ dataများကို cloud ပေါ်တွင် လုံခြုံစွာ ထိန်းသိမ်းထားနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ERP System သည် လုပ်ငန်းများမှာ အသုံးပြုလို့ရနိုင်မယ့် versionများ၊ features များကို အမြဲတမ်း စဉ်ဆက်မပြတ် update လုပ်ပေးနေပါတယ်။
💠 စီးပွားရေးလုပ်ငန်းများတွင် Cloud Based ERP Systemကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်း nature အတိုင်း manage လုပ်နိုင်ခြင်း၊ customize လုပ်နိုင်ခြင်း၊ Third Party Apps များနှင့်လည်း အလွယ်တကူ integrate လုပ်နိုင်ခြင်းတို့ကြောင့် 
ပြီးပြည့်စုံတဲ့ platform တစ်ခုအဖြစ် ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအင်အား လိုအပ်မှုကို လျှော့ချပေးကာ ပိုမိုအရေးကြီးတဲ့ အလုပ်များကို 
အာရုံစိုက်နိုင်စေပြီး အချိန်နှင့် အရင်းအမြစ်များကိုလည်း သက်သာစေပါတယ်။
💠 Cloud Based ERP System များကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးဖြစ်စေမယ့်ကုန်ကျစရိတ်သက်သာမှုများ၊ data security နှင့် 
ပိုမိုကောင်းမွန်သော performance တွေကို ရရှိနိုင်ပါတယ်။
ဒါ့ကြောင့် Cloud Based ERP System ကို အသုံးပြုသော စီးပွားရေးလုပ်ငန်းများသည် အများနှင့်မတူဘဲ ဈေးကွက်မှာ အပြိုင်အဆိုင် အားသာချက်များ ရရှိနိုင်တာကြောင့် လူကြီးမင်းတို့ရဲ့ business requirements များကို GCA ရဲ့ Business Advisor, Project Management, Research & Development, Accounting Consultant နှင့် Customer Support Team များမှ ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါတယ်။
#gca #cloud_based_erp_system #pros_of_using_erp #software #erp2023 #all_in_one_erp_solutions

“သင့်လုပ်ငန်းလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ GCA ရဲ့ Odoo ERP Modules”